1
979

Frontend Nodejs LIbiary ဘယ်လိုရွေးချယ်ကြမလည်း

Myo Thant Kyaw

အရင်က WebDesigner ဆိုရင် html css bootstrap javscript jquery ရရင် Frontend Developer လုပ်လို့ရပါပီ။ အခုတော့ မရဘူးလားဆိုတော့ရပါတယ်။ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ Frontend Libiary တွေနဲ့ အလုပ်ခေါ်စာတွေခနခန တွေ့နေရတာကိုသတိထားမိမှာပါ။ အပေါ်ကပြောတာလောက်နဲ့တော့အဆင်မပြေတော့ပါဘူး ပုံမှန်ထက်ပိုတဲ့လစာ အခွင့်အရေးလိုချင် ရင်တော့ ပုံမှန်ထက်ပိုမှအဆင်ပြေမှာပေါ့ 😃 အဲ့တော့ ဒီ Frontend libiary တွေ framework တွေက nodejs ပေါ်မှာပဲအခြ ခံပီး ဖန်တီးထားတာပါ။nodejs ဆိုတာကတော့ အလွယ်ပြောရရင် javascript ပါပဲ ဒါကြောင့် javascript ကို လေ့လာသင့်တာပါ။ Javascript.ရရင် Android ,IOS , WebApp ,Desktop App,Android TV App, ဘာလာလာဒေါင်းလို့ရပါပီ။ 😃 Top Nodejs Libiary and Framework အသုံးအများဆုံး နာမ်မည်အကြီးဆုံးက libiary တွေကိုပြောပါဆိုရင်တော့
React (star 155k)

Vue. (Star 171k)
Angular (star 63k) ဒီသုံးခုကိုပြောရမှာပါပဲ အဲ့ထဲမှာမှ github start တွေကိုယှဉ်လိုက်ရင် vue ကထိပ်ဆုံးမှာရှိနေပါတယ်။ ဒါပေမဲ့ကျွန်တော်တို့မြင်နေရတဲ့ အသုံးများတဲ့ Websiteတွေကတော့ React နဲ့ရေးထားကြတာများပါတယ် Twitter , Facebook,Instagram,Discord etc... https://madewithreact.com/ ဒီမှာလည်းသွားကြည့်လို့ရပါတယ်။ React က Web App တွေမှာတင်မကပဲ Android App အတွက် React Ntive ကပါ နာမ်မည်ကြီးလူသုံးများပါတယ်။ learning လုပ်လို့ရမဲ့ Resource တွေလည်းအရမ်းများပါတယ်။ Vueကတော့ Angular ကို inspire လုပ်ပီး ဖန်တီးထားတယ်လို့ဖတ်ဖူးပါတယ်။ Vue မှာလည်း React လိုပဲ Vue-native ရှိပါတယ် Android IoS App တွေရေးဖို့ပေါ့ ဒါပေမဲ့ React နဲ့ယှဉ်ရင်အရမ်းနည်းပါတယ်။ Laravel ကြည့်ဖူးရင် laravel နဲ့ Vue တွဲရေးလေ့ရှိတာကိုမြင်ဖူးကြမှာပါ။ လေ့လာရတာအရမ်းလွယ်ပါတယ်။မိတ်ဆွေက jquery or javascript ကောင်းကောင်းရေးဖူးရင် Laravel Developer တစ်ယောက်လည်းဖြစ်တယ်ဆိုရင် Vue ကိုမဖြစ်မနေလုပ်သင့်ပါတယ်။ https://madewithvuejs.com/ ဒီမှာ vue နဲ့ဖန်တီးထားတဲ့ app ကိုကိုကြည့်နိုင်ပါတယ်။ Angular ကတော့ Enterprise level application တွေမှာအသုံးများပါတယ် Google products တော်တော်များများကို Angular နဲ့ရေးထားတာပါ။ အရင်က Ionic နဲ့ Angular တွဲပီး Cross Platform Application တွေရေးသားကြပါသေးတယ် အခုလည်းရေးတုံးပါ ဒါပေမဲ့ နည်းသွားပါပီ။ ဒီသုံးခုထဲကတစ်ခုကိုတော့ရွေးဖို့လိုလာပီ။ မိတ်ဆွေက Libiary တစ်ခုထည်းလေ့လာမယ် အဲ့တစ်ခုနဲ့ပဲ Android IOS Web etc.. ရေးချင်တယ်ဆိုရင် React ကိုလေ့လာသင့်ပါတယ်။ အခုလက်ရှိမှာ laravel Developer ဖြစ်တယ်။ jquery ကိုလည်း Date out သလိုခံစားနေရတယ်။(စကားမစပ်Bootstrap 5 က jquery ကိုဖြုတ်ပီတဲ့ဗျ) လွယ်ကူတာမျိုးကိုပဲလေ့လာချင်တယ်။ Html syntax တွေကိုပဲသဘောကျတယ်။ ဆိုရင်တော့ Vue ကိုလေ့လာပါ။ Banking လို Application တွေရေးချင်တယ် Framework ကလည်း Standard ရှိရမယ်။ Google ကထုတ်တဲ့ frameworkကိုပံသုံးမယ်။ ဘယ်လိုပဲခက်ခက်သိပ်ဂရုစိုက်တတ်တဲ့သူမဟုတ်ဘူး။ html syntax ကိုပဲသုံးချင်တယ်။ ရံဖန်ရံတခါ Ionic လို ဟာမျိုးလေးနဲ့ mobile appတွေလည်းရေးချင်တယ်။ ဆိုရင်တော့ Angular ကိုလေ့လာပါ။ html css javascript တွေကို ရောပီးရေးချင်တယ်။ Learning Resource ,question answer တွေများများစားစား နဲ့လေ့လာချင်တယ်။ Android or IOS application တွေရေးပီးအလုပ်ရှာချင်တယ် or အလုပ်လုပ်ချင်တယ်။ လေ့လာရခက်မှာကိုသိပ်မကြောက်ဘူး (ကြောက်စရာလည်းမလိုပါဘူး 😛) အသုံးများတဲ့ libiary တစ်ခုလည်းဖြစ်ရမယ်။ Frontend Design System တွေများများစားစားအသင့်ယူသုံးချင်တယ်။ ဆိုရင်တော့ React ကိုလေ့လာပါ နောက်ထပ် svelte(https://svelte.dev/) ,Imba(https://www.imba.io/) ဒီလို Frontend libiary တွေလည်းရှိနေပါသေးတယ် ကျွန်တော်ကတော့ React Fan ပါ။✌️ နောက်ပိုင်းလည်း React,React Native,Vue ဒါတွေကို Video Training လုပ်သွားဖို့ရှိပါတယ်။ အားလုံးကျေးဇူးပါ။

Comment:
Please Login To Create Comment Login
Loading...
min pyae phyo oo 2 years ago thanks