Hello အားလုံး မင်္ဂလာပါ
အခုကျွန်တော်ပြောပြပေးမှာက Front အတွက် Roadmap ဖြစ်ပါတယ်။
html css ကိုတော့ထည့်မပြောတော့ပါဘူး ဒီ ပိုစ် ကိုဖတ်နေသူတွေကို ဒီနှစ်ခုနဲ့အကျွမ်းတဝင်ရှိပီးသားလို့ယူဆ
ထားပါ့မယ်။
Javascript ကဒီနေ့ခေတ်မှာ တော်တော်လေးအသုံးများသလို
နေရာတိုင်းလိုလိုမှာတွေ့နေရပါတယ်။
အဲ့ဒီ့ အပြင် ပြည်တွင်းမှာ ရော ပြည်ပမှာပါ
အလုပ်မရှားတဲ့့language တစ်ခုဖြစ်ပါတယ်။
အဲ့အတွက်အကြောင့် ဘယ်လို Developer မျိုးမဆို javascript ကို မသိမဖြစ်
သိထားဖို့လိုအပ်နေပါပြီ။
javascript ကိုလေ့လာဖို့အတွက် w3school ကိုပဲအကြံပေးချင်ပါတယ်
ဘာဖြစ်လို့လည်းဆိုတော့ language တစ်ခုကိုလေ့လာသူအနေနဲ့ w3 က အစီအစဉ်တကျ
course outline ကိုဖန်တီးပေးထားလို့ပါ
မိတ်ဆွေက Video ကြည့်ရတာသဘောကျရင်တော့ FreeCodeCampက video ကိုကြည့်ပီး
လေ့လာဖို့အကြံပြုလိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လေ့လာပုံတွေမတူကြလို့ ခုကျွန်တော်ပြောတာကို
သဘောကျတယ် ကိုယ်နဲ့ကိုက်ညီတယ်ဆိုမှ လိုက်လုပ်ပါ ။ နောက်မှ ကျွန်တော် ဘယ်လို learning လုပ်လည်းဆိုတာကို သပ်သပ်ရေးပေးပါဦးမယ်။
Terminal က အရေးကြီးပါတယ်။
Language တွေလေ့လာတာပဲဖြစ်ဖြစ်
Server Config တွေ Deployment တွေလုပ်တဲ့အခါမျိုး
Android Development Setup တွေ နဲပ အခြား နေရာများမှာပါ
Terminal ကိုမဖြစ်မနေသုံးရပါတယ်။
အဲ့အတွက် ကြောင့် Terminal(window မှာ cmd ) ကို လေ့လာကို လေ့လာရပါမယ်
အသုံးများတဲ့ terminal command တချို့ကိုဖော်ပြပေးလိုက်ပါတယ်။
cd /directory (folder or director တစ်ခုကို ညွန်ပြချိန်တဲ့အခါအသုံးပြုရမှာပါ)
cd .. (directory ကို back ပြန်လုပ်တာပါ)
touch filename.txt (.txt .php .env etc.. file တွေဖန်တီးတဲ့အခါမှာအသုံးပြုပါတယ်။)
code . (vscode editor ကို terminal ကနေဖွင့်ဖို့သုံးပါတယ်)
mkdir blog_project (folder or directory ဖန်တီးတဲ့အခါမှာအသုံးပြုပါတယ်)
ls -al (for mac) dir (for window) (directory listing လုပ်ကြည့်တာပါ)
ဒီ အတွက်သီးသန်ံအချိန်ပေးပီးလေ့လာစရာမလိုပေမဲ့ ကိုယ်ရေးခဲ့ တဲ့ command တွေကိုတော့
မှတ်သားသွားပါ လေ့လာနေတဲ့ stack က terminal အသုံးပြုရတာတွေပါနေခဲ့ ရင်် doc မှာ တစ်ခါထည်း
ပါပီးသားမလို့ အလွတ်မကျက် သီးသန်ံလေ့လာစရာမလိုပါ။
မိတ်ဆွေဘာတွေဖန်တီးချင်တာလည်း
Server Side လား Client Side လား
Design System တွေလား
Android or IOS or TV App(cross platform)
Website ,window app , mac app , linux app ?
ဘာမဆို nodejs နဲ့ အကုန်ရေးလို့ရပါတယ်
javascript ကို နားလည်ပီးသားလူတစ်ယောက်အနေနဲ့တော့ nodejs ကမခက်ခဲပါဘူး
မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ လေ့လာချင်ရင်တော့
Video Crash Course နဲ့မြန်မြန်ဆန်ဆန် လေ့လာနိုင်ပါတယ်။
အဲ့တာအပြင် es6 syntax တွေကိုပဲအသုံးပြုပီးရေးသားရမှာဖြစ်ပါတယ် ။
အဲ့လိုပဲ nodejs မှာ
modern syntax ဖြစ်တဲ့ babel script ကိုလည်းလေ့လာသင့်ပါတယ်
sorryလေ့လာရပါမယ်။
သိပ်မကြာခင် nodejs (es6 babel script) course လေးလုပ်ပေးဖို့ရှိပါတယ်။
Project Build လုပ်တဲ့အထိသင်ပေးမျာပါ :D
ပီးရင်တော့ Nodejs Server side Framework တွေဖြစ်တဲ့
ExpressJS
AdonisJS( Laravel Developer Familiar)
Expressjs ကိုအလုပ်ရဖို့ အလုပ်ရှာဖို့တွက် သေချာလေ့လာသင့်ပါတယ်
Adonisjs ကိုတော့ ကျွန်တော့ ဝါသနာပါတဲ့ appတွေရေးတဲ့အချိန်မျိုးမှာအသုံးပြုပါတယ်
မိတ်ဆွေတို့က adonisjs ကိုမလေ့လာလည်းရပါတယ်။
Nodejs နဲ့ဖန်တီးထားတဲ့ ui libiary တွေေ Design System တွေအများကြီးရှိပါတယ်။
Vue Angular React Svelte Imbajs
React နဲ့ Vue မှာ ui design ရေးသားဖို့ ui libiary တွေအရမ်းကိုများပါတယ်
Nodejs နဲ့ အသုံးပြုပီး Web UI တွေဖန်တီးမဲ့သူတွေအတွက် အရေးကြီး ပီး
အလုပ်လည်းမြန်မြန်ရနိုင်မဲ့ ui framework or libiary တွေ ဖော်ပြပေးလိုက်ပါတယ်။
Angular Eva Design System(Nebular) Angular ကျွန်တော်မရေးဖူးပါ။
React (Material UI Semantic UI )
မိတ်ဆွေက React Developer ဖြစ်ချင်တယ်ဆိုရင်
Material ui ကို သေချာပေါက်လေ့လာသင့်ပါတယ်
Vue (Vuesax Vuetify)
Vuetify ကို လေ့လာသင့်ပါတယ်
အပေါ်က ကျွန်တော်ပြောခဲ့တဲ့ Vue React Svelte Angular တွေထဲက
တစ်ခုခုကိုလေ့လာပီး ယုံကြည်မှုတစ်ခုရပီဆိုရင်တော့ Cross Platform ဘက်ကိုသွားသင့်ပါတယ်
အဲ့ထဲကမှ React Native က အလုပ်အကိုင်အရ popularity အရ Mature LIbiary အရ
React Native ကို သာရွေးချယ်ရမှာပါ။
အဲ့ထဲကသဘောကျတဲ့ Cross Platform UI Libiary နှစ်ခုကိုဖော်ပြပေးလိုက်ပါတယ်။
UI KITTEN(လေ့လာရတာနည်းနည်းလက်ပေါက်ကတ်သရောင်နဲ့ ကျွန်တော်အကြိုက်ဆုံး design system တစ်ခုပါ)
Native Base(လေ့လာရလွယ်ပါတယ် Community ကြီးတယ်)
ဒီတစ်ခုကတော့ ui system or ui libiary မဟုတ်ပါဘူး
မိတ်ဆွေ css တွေရေးရတာအရမ်းသဘောကျတဲ့သူလား ?
react native design တွေဆွဲတဲ့အခါမှှှာ pure css တွေနဲ့ဆွဲလို့ရအောင်
ဖန်တီးပေးထားတဲ့ Tool လေးရှိပါတယ်
StyledComponentလို့ခေါ်ပါတယ်
ဒီလောက်ဆိုဘာတွေလေ့လာသင့်တယ် ဆိုတာ သိသွားလောက်ပီဖြစ်လို့
Facebook ကိုပိတ်ပီး အခုပဲလေ့လာလိုက်ပါတော့
မပိတ်မှန်းသိပေမဲ့ တမင်ပြောဆိုခြင်းသာဖြစ်သည်။ :D