2
955

Json Web Token(JWT)

Myo Thant Kyaw

မင်္ဂလာပါ

ဒီနေ့ကျွန်တော်တို့ json web token အကြောင်းလေး

ဆွေးနွေးကြည့်ရအောင် 


jwt လိုပဲသုံးနှုန်းသွားပါမယ်။


web မှာ ဆို  single page application လိုမျိုးတွေ

mobile မှာ ဆို android ios  app တွေအတွက်

development လုပ်တဲ့အခါမှာ 

backend stack ကသပ်သပ်  frontend stack ကသပ်သပ်

develop လုပ်ကြရပါတယ်။


frontend မှာ user auth , authorization အတွက် session တွေမရှိသလို

database နဲ့လည်းတိုက်ရိုက်ချိတ်ဆက်ဖို့ကsecutiryကြောင့်အဆင်မပြေပါဘူး 

 

ဒါကြောင့် frontend ui တွေမှ database ကအချက်အလက်တွေပြသဖို့

api ဆိုတာလိုလာပါတယ်

api ဆိုတာက eg.com/api/products ဒါ api address ပါ

ဒီ link ကိုခေါ်လိုက်ရင် database ကအချက်အလက်တွေကို json နဲ့ပြသပေးထားတယ်ပေါ့

(လူပိန်းနားလည်အောင်ပြောပြခြင်းဖြစ်ပါတယ် နော်ကမှ api အကြောင်းအသေးစိတ်ဆက် ရေးပါမယ်။)


frontend မှာ user login ဖြစ်မဖြစ်ကိုလည်း api ကိုအသုံးပြုကြရမယ်ပေါ့

eg.com/api/login  


အဲ့မှ jwt ရဲ့အခန်း ကပါလာပါပီ။


app ရဲ့ logic  မှာ user က loginမပဲ ကြည့်နိုင်မဲ့ အချက်အလက်တွေရှိသလို 

login လုပ်ပီးမှ မြင်ရမဲ့အချက်အလက်တွေလည်းရှိနေပြန်ပါတယ်။


ဒါကိုအကျဉ်းချုပ်ဘယ်လို လုပ်ရတယ်ဆိုတာကိုဆက်ဆွေးနွေးပါမယ်။

အသေးစိတ်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီသဘောတရားကိုနားလည်မှ 

development လုပ်နိုင်မှာပါ။


user/login view ကနေ user တစ်ယောက်က 

username , password ထည့်ပီး login လုပ်ပီဆိုတာနဲ့

api(eg.com/api/login)ကိုလှမ်းခေါ်ပါတယ်

တစ်နည်းအားဖြင့် server ကိုခေါ်ရမှာပေါ့

server ကနေ jwt ကိုအသုံးပြုပီး access token တစ်ခု generate လုပ်ပီး frontend(client)

 ကိုပြန်ပို့ပေးရပါမယ်။


frontend က tokenကိုရပီဆိုတာနဲ့ သူက login ဖြစ်သွားကြောင်းအတည်ပြုပီးသွားပြီး

loginဝင်ပီးမှကြည့်ခွင့်ရမဲ့အချက်အလက်တွေကို 

access token အသုံးပြုပီး ကြည့်ခွင့်ပေးလိုက်ပါတယ်။


access_token ကလည်း lifetime မဟုတ်ပါဘူး

အချိန်တစ်ခု သတ်မှတ်ပေးထားခြင်းက secure ပိုဖြစ်စေမှာပါ။


access_token ကိုပြန်တောင်းဖို့အတွက် refresh token အသုံးပြုနိုင်ပါတယ်။


ဒီအတွက် react နဲ့ nodejs course လေးလုပ်ဖို့တော့အစီအစဉ်ရှိပါတယ်

စိတ်ဝင်စားတဲ့သူတွေက​ အောက်မှာ မန့်ခဲ့ပေးပါ။


see you next article guyz

Comment:
Please Login To Create Comment Login
Loading...
NC A 3 months ago ကျေးဇူးပါဆရာ
Music Channel 1 year ago စိတ်၀င်စားပါတယ်ဆရာ