မင်္ဂလာပါ
စာလေးတွေလည်းမရေးတာကြာပီ။
Expo-Secure-Storage , Async-Storage အကြောင်း လေးကို
နည်းနည်းဆွေးနွေးပေးပါမယ်ဗျ။
React Native နဲ့ Expo တို့ကို အသုံးပြုပြီး mobile app တွေ ဖန်တီးတဲ့အခါ ဒေတာသိမ်းဆည်းခြင်း (data storage) က အရေးပါပါတယ်။
ဘယ်ဟာကို ဘယ်လိုရွေးချယ်အသုံးပြုသင့်တယ်ဆိုတာကပိုမိုအရေးပါပါတယ်။
📜 Async-Storage ဆိုတာဘာလဲ?
→ Async-Storage က React Native အတွက် ရိုးရှင်းတဲ့ key-value သိမ်းဆည်းမှုစနစ်တစ်ခုဖြစ်ပါတယ်ဗျ။
→ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို encrypted မလုပ်ထားပါဘူး
→ ဒါကြောင့် sensitive information တွေမသိမ်းရပါဘူး
ဥပမာ - token,secret key , access code လိုအချက်အလက်တွေကိုမသိမ်းရပါဘူး
📜 ဘယ်နေရာတွေမှာသုံးသင့်လည်း ?
→ mobile app ရဲ့ dark,light mode swith တဲ့အခါမျိုးတွေ
→ offline caching လုပ်ချင်တာမျိုးတွေ
→ sensitive မဖြစ်တဲ့ အချက်အလက်တွေကိုသိမ်းရမှာဖြစ်ပါတယ်။
📜 Async-Storage ကို ဘယ်လိုသုံးမလဲ?
📜 Expo-Secure-Storage ဆိုတာဘာလဲ?
→ expo ကဖန်တီးထားတဲ့ storage တစ်ခုဖြစ်ပါတယ်။
→ os level မှာ enctypted လုပ်ပီးသိမ်းထားပါတယ်။
→ iOS မှာ Keychain၊ Android မှာ Encrypted SharedPreferences တို့ကို အသုံးပြုပါတယ်။
→ programming အသုံးပြုပီး access လုပ်ခွင့်မရှိပါ။
→ data store,get လုပ်တဲ့အခါမျိုးတွေမှာ fingerpring, device auth ကိုအသုံးပြုပီးသိမ်းဆည်းထားနိုင်ပါသေးတယ်။
ဒါကြောင့် secure ဖြစ်နေမှာဖြစ်ပါတယ်။
📜 ဘယ်နေရာတွေမှာသုံးသင့်လည်း ?
→ auth secret key များသိမ်းဆည်းခြင်း
→ in app pin များသိမ်းဆည်းထားခြင်း
→ security token များသိမ်းဆည်းထားခြင်း
စသဖြင့် အရေးကြီးချက်အလက်များကိုသိမ်းဆည်းရာတွင်
အသုံးပြုသင့်ပါတယ်။
📜 xpo-Secure-Storage ကို ဘယ်လိုသုံးမလဲ?
ဒါဆိုရင် နားလည်သွားလောက်မယ်ထင်ပါတယ်ခင်ဗျ။
--------
→ mmcoder မှာ react native with expo course ကိုဖန်တီးနေပါတယ်။
react native ,expo , react navigation ,styled components
တွေကိုအဓိကထားသင်ကြားပေးထားပီး project တွေရေးပြတဲ့အထိသင်ကြားပေးထားပါတယ်။
→ course ကို preregister လုပ်လိုပါက message မှာစာရင်းပေးထားနိုင်ပါတယ်
fees ကြိုသွင်းစရာမလိုပါ။
→preregister user များက discount များစွာနဲ့ ဝယ်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။
--------