1
1305

React နဲ့ Vue ဘယ်ဟာလေ့လာမလည်း

Myo Thant Kyaw

ကျွန်တော့် Personal Point ကနေစဉ်းစားထား ဖတ်ထား မှတ်ထားတာမလို့

လက်မခံနိုင်တဲ့အချက်တွေပါနိုင်ပါတယ်။


React Vue ရဲ့ကွာခြားချက်တချို့နဲ့ 

မြန်မာနိုင်ငံအတွက် ဒီ libiary နစ်ခုရဲ့ အလုပ်အကိုင်အခွင့်အလမ်းတချို့ကို

ဆွေးနွေးပေးသွားပါမယ်။


React Vue နစ်ခုလုံးက Client Side Script ဖြစ်ပီး Development အတွက်

Nodejs Runtime လိုပါတယ် ဒါကြောင့် Nodejs အခြေခံသဘောတရားတချို့ ကိုမဖြစ်မနေနားလည်ထားဖို့အထူးပဲလိုအပ်ပါတယ်။

npm cli , npm scripts ,node server and ect..


React Vue နှစ်ခုလုံးက Single Page Application ရေးဖို့အတွက် အပြင်

Server Side (PHP Python Nodejs Aspc#)မှာလည်း jquery alternative အနေနဲ့လည်းရေးနိုင်ပါတယ်

ဒီအပိုင်းကတော့ setup လုပ်််တဲ့အပိုင်းတွေမှာအနည်းငယ်ရှုပ်ထွေးနေနိုင်ပါတယ်။

React Laravel Mix article ကို mmcoder site မှာဖတ်ကြည့်နိုင်ပါတယ်။


React Vue နှစ်ခုလုံးက သက်ဆိုင်ရာ Virtual DOM နဲ့အလုပ်လုပ်ပါတယ်

Virtual DOM ဆိုတာ ဘာလည်း?

pure js or jquery နဲ့ DOM ကိုပြင်တဲ့အခါမှာ html dom element တွေ ကို အားလုံး rerender ပြန်သွားတဲ့အခြေအနေတွေဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ virtual DOM ကတော့ လိုအပ်တဲ့အစိတ်အပိုင်းတွေကို ပဲ ReRender လုပ်ပါတယ်

ဒါကြောင့်ပဲ virtual dom က အရမ်း complex ဖြစ်တဲ့ html element (ui)တွေမှာ ပိုမြန်တယ်လို့ဖတ်ဖူးပါတယ်။

ပုံမှန် appတွေမှာတာ့မသိသာသလို Complex ဖြစ်တဲ့ ui တွေလည်းမဆွဲဖူးပါဘူး :P

နောက်မှ Virtual DOM , Normal DOM ကဘာတွေကွဲလည်းဆိုတာ Code ရေးပြပေးပါမယ်

ဒီမှာတော့ရေးရင် ရှည်သွားတော့မယ် :D  React DOC မှာလည်းရှိပါတယ်။


React Vue နှစ်ခုလုံးက Mobile Cross Platform App တွေဖန်တီးနိုင်ပါတယ်

React မှာတော့ React Native ရှိသလို Vue မှာလည်း Vue Native ရှိပါတယ်


React Native ကတော့သိသိသာသာပဲ Vue Native ထက်ပို Strongပါတယ်။

တခြားIonic , capacitajs လို Framework တွေလည်းရှိနေသေးတာမလို့

နောက်မှ အသေးစိတ်ထက်ရေးပေးပါမယ်။


အောက်ကအချက်တွေကိုကြည့်ပီးဘယ်ဟာကိုလေ့လာသင့်လည်းကိုယ်တိုင်ဆုံးဖြတ်သွားနိုင်မယ်ထင်ပါတယ်။


Popular?

Reactjs က Popularပိုဖြစ်ပါတယ်။

Facebook,Instgram,Twitter , Figma , Canva , Nextflix etc.. 

စတဲ့ နာမ်မည်ကြီး Web App တွေက ReactJS ကိုအသုံးပြုထားကြပါတယ်။



လေ့လာရတာဘယ်ကောင်ပိုခက်လည်း ?

React ကတော့ပိုခက်ပါတယ်။React ကတော့ html and js ကိုပေါင်းရေးရမှာမလို့အနည်းငယ်ပိုရှုပ်နိုင်ပါတယ်။

ဒါကို jsx syntax လို့ခေါ်ပါတယ်။

Vue ကပိုလွယ်သလို html syntax တွေများများစားစားနဲ့ ရေးရပိုလွယ်ပါတယ်။

Vue3 မှာ တော့ Concept



နိုင်ငံခြားအလုပ်အခွင့်အလမ်း

သူငယ်ချင်းကိုမေးကြည့်ရသလောက်နဲ့ freelance platform တွေမှာ 

Reactjsက သိသိသာသာအလုပ်အကိုင်အခွင့်အလမ်းပိုများပါတယ်။



မြန်မာအတွက် အလုပ်အကိုင်

မြန်မာနိုငံမှာတော့ နှစ်ခုလုံးအခြေအနေကောင်းတယ်လို့မြင်မိပါတယ်။

React အတွက် ReactNative ကအလုပ်ခေါ်စာများပီး

Vue အတွက်တော့ Web Development မှာခေါ်တာများပါတယ်။



အကျဉ်းချုပ်ရမယ်ဆို


လွယ်တာကြိုက်တယ် 

Mobile Developemntအတွက် communityမကြီးလည်း အိုခေတယ်

html syntax တွေများများရေးချင်တယ်ဆိုရင်

vuejs ကိုလေ့လာပါ။


နည်းနည်းခက်လည်းရတယ်

Web Development အပြင် Mobile Dev ပါလုပ်ချင်တာ

ဘယ်မှာဖြစ်ဖြစ်အလုပ်ပေါရမယ်

Strong community ဖြစ်ရမယ်

ဒီအချက်တွေကြည့်နေတာဆိုရင် React ကိုလေ့လာပါ


တကယ်တော့ နှစ်ခုလုံးကိုလေ့လာထားတာမမှားပါဘူး

အရမ်းခက်တဲ့အထဲတော့မပါပါဘူးခင်ဗျာ။


If you like to read this article , pls share and support 

keep learn guyz!

See You.

Comment:
Please Login To Create Comment Login
Loading...
Zin Thida 1 year ago " Vue3 မှာ တော့ Concept ...... " အဲ့မှာ စာပျက်သွားလို့ လုပ်ပါဦး