1
1512

Self Study လုပ်ပီးဘယ်လိုလေ့လာမလည်း

Myo Thant Kyaw

 အားလုံးမင်္ဂလာပါဗျ

ဒီနေ့ SelfStudy ဘယ်လိုလုပ်မလည်းဆိုတာလေးတွေ

ဆွေးနွေးပေးပါမယ်။


Self Study လုပ်ဖို့အတွက်

ကျွန်တော့်အယူအဆနဲ့ကျွန်တော်လေ့လာပုံကိုပဲဦးတည်ဆွေးနွေးမှာမလို့

တစ်ယောက်နဲ့တစ်ယောက်အယူအဆမတူတာမျိုး

တစ်ယောက်အမြင်မှာ မင်းဟာကြီးကမဟုတ်သေးပါဘူးကွာ 

ဆိုတဲ့အမြင်မျိုးဖြစ်နိုင်ပါတယ် 


Self Study လုပ်ပီးလေ့လာဖို့တော့ အရေးကြီးဆုံးက

စိတ်ပိုင်းဆိုင်ရာ မှာ သူများထက်ပိုပီး တိတိကျကျ ဆုံးဖြတ်နိုင်ဖို့လိုတယ်လို့ မြင်ပါတယ်။

ကိုယ့်စိတ်ကိုနိုင်ရမယ်ပေါ့ဗျာ


ဥပမာ Programming Language တစ်ခုခုကို လေ့လာမယ်ဆိုရင် 

တစ်ရက်မှာ ဘယ်အချိန် မှာစပီးစာကြည့်မယ်

ဘယ်နှစ်နာရီအတွက် စာသင်မယ်ဆိုတာကို တိတိကျကျသတ်မှတ်ထားပီး

အဲ့ဒီ့အချိန်တွေမှာလည်းတကယ်လိုက် လေ့လာနေဖို့လိုပါတယ်


လေ့လာခဲ့တဲ့ နှစ်နာရီက လည်း နှစ်နာရီစာအားလုံးမဟုတ်တောင် ၆၀% လောက်ကို 

နားလည်သဘောပေါက်နေဖို့လိုပါသေးတယ် 


Self Study လုပ်ဖို့ udemy တို့ course area တို့ကြည့်ရမှာလား ?

Noပါ မလိုဘူးထင်ယူဆပါတယ် 

ကျွန်တော့်အနေနဲ့တော့် udemy က  course တွေဟာ 6နာရီနဲ့အထက် ကြာနေတာမလို့

အချိန်တော်တော်လေးကုန်ပါတယ်။

တခြားသူတွေအတွက်အဆင်ပြေနိုင်ပေမဲ့ ကျွန်တော့်အတွက်တော့ခက်ပါတယ်။


ဘယ်ဟာလေ့လာလေ့လာကျွန်တော်တို့ လေ့လာနေတဲ့ရည်ရွယ်ချက်က 

Project တစ်ခုအောင်မြင်အောင်ရေးနိုင်ဖို့ဆိုတဲ့ ဟာလေးသိထားဖို့လိုပါတယ်။


ကျွန်တော်ဘယ်လိုစာလေ့လာသလည်း?

ဘယ်လိုစာလေ့လာသလည်းဆိုတော့ 

ဥပမာ ကျွန်တော်က Web Template တွေဖန်တီးချင်တယ်ဆိုပါဆို့

Goal က Website Template ဖန်တီးဖို့ပါ ဒါသတ်မှတ်ဖို့ကအရေးကြီးပါတယ်

မဟုတ်ရင် ဇာတ်မြောကြီးဖြစ်သွားနိုင်ပါတယ်။


Goal ရပီဆိုရင် 

html css crash course ဒီလိုလေး youtube မှာရှာကြည့်ပါတယ်

မြန်မြန်ဆန်ဆန်နဲ့  html css ကိုသင်ထားတဲ့ video တွေတွေ့ပါလိမ့်မယ်

ကျွန်တော့်အတွက်အဆင်ပြေမယ်ထင်တာတွေကိုပဲရွေးကြည့်ပါတယ်။


Project ရေးဖို့အတွက် ထပ်ရှာပီးကြည့်ရင်ကြည့်ပါတယ်

ပုံမှန်အားဖြင့်တော့ လက်တွေ့မှာဘာတွေလုပ်နေတယ်ဆိုတာကို လိုက်လေ့လာပီး

လိုက် clone ပါတော့တယ် ဥပမာ youtube ui ကိုလိုက်ဆွဲတာမျိုး 

လှတဲ့ website template လေးတွေလိုက်  ကြည့်ပီးရေးကြည့်တာမျိုးပေါ့


project တစ်ခုစမ်းရေးကြည့်တဲ့အခါ သူများသင်ပေးတာကို လိုက်ရေးတဲ့ Project နဲ့ 

ကိုယ်တိုင် ရေးပီးထွက်လာတဲ့ဲ့Project က  ပိုပီးဦးနှောက်မှာမှတ်မိနေမှာပါ


လက်တွေ့အလုပ် တွေက  compnay မှာအလုပ်လုပ်မှမဟုတ်ပဲ ကိုယ်တိုင်လိုက်ပီး

တခြား site တွေလိုက်ရေးခြင်းဖြင့်လည်း လက်တွေ့expတစ်ခုယူနိုင်ပါတယ်။

သေသေချာချာတော့ လုပ်ဖို့လိုတာပေါ့


ဒီ Design Template လေးတစ်ခုဆွဲနိုင်ပီဆို ရင် ကျွန်တောတို့လိုချင်တဲ့ goal ကိုရောက်ပီပေါ့

နောက်ထပ် ဘယ်လို css libiary တွေ Animationတွေ လုပ်ရမလည်းဆိုတာ project ရေးကြည့်လိုက်ခြင်းဖြင့်

သိလာမှာပါ အဲ့တာကိုဆက်လေ့လာသင့်တာပေါ့ 


ဒါကကျွန်တော် self study လုပ်သွားတဲ့ပုံစံပါ


အားနည်းချက်တော့ရှိပါတယ် video ကိုတိုတိုလေးတွေပဲလိုက်ကြည့်ပီးလုပ်တာဖြစ်တဲ့အတွက်

အားလုံးတော့ချုံငုံမသိလိုက်ဘူးပေါ့ဗျာ

တချို့ ပြောတာတွေဆိုဘာတွေမှန်းမသိတာမျိုးတွေထိဖြစ်နေနို််င်ပါတယ်။

ဒါပေမဲ့ ဘာတွေဆက်လေ့လာသင့်တယ်ဆိုတာ ကိုယ်တိုင်သိသွားတာမျိုးဖြစ်နိုင်ပါတယ်။


နောက်ဆုံးပြောချင်တာက Self Study မလုပ်တတ်တာ မလုပ်ချင်တာမျိုး 

Developer တွေအနေနဲ့ဖြစ်လို့မရပါဘူး

ဘာဖြစ်လို့လည်းဆိုတော့ လုပ်ငန်းခွင်မှာ company ရဲ့ လိုအပ်ချက်အတိုင်း လိုက်လုပ်ပေးရတာမလို့ပါ

ဘယ်လို စိတ်ခေါ်မှုမျိုးမဆိုရင်ဆိုင်ဖို့လိုပါတယ် တစ်ခါတစ်ရံကိုယ်မလုပ်နိုင်ဘူးဆိုတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

မလုပ်နိုင်လည်း ဘာဖြစ်လည်း မလုပ်နိုင်ဘူးပေါ့ဗျာ :P သေချာရှင်းပြပေးရင်ရပါတယ်


ဒီဟာလေးကကျွန်တော် ့အတွက်ခက်ခဲပီး ကျွန်တော် တစ်ခါမှမလုပ်ဖူးတဲ့ဟာတွေဖြစ်နေတယ်ဗျ

ဒါပေမဲ့ ဒီလို System မျိုးတော့ လုပ်လို့ရပါတယ်ဆိုတဲ့ ဖြောင့်ချက်မျိုးသေချာပေးဖို့တော့လိုပါတယ်။

Comment:
Please Login To Create Comment Login
Loading...
Arduino Mini Project Dev-MM 2 years ago great bro