0
2284

Web Developer အနေနဲ့အလုပ်ရဖို့ဘာတွေ ပြင်ဆင်ထားရမလည်း

Myo Thant Kyaw

ဟေး! 

မင်္ဂလာပါဗျ။

ဒါလေးကပြောပြချင်နေတာကြာပီ ဒါပေမဲ့ နည်းနည်းတော့ကြောက်တယ်ဗျာ

ဒါပေမဲ့လည်းရေးလိုက်ပါပီ လက်မခံတာရှိရင်လည်း အေးအေးဆေးဆေး ဆွေးနွေးသွားလို့ရပါတယ်။ :P


မြန်မာနိုင်ငံမှာ web developer အနေနဲ့ အလုပ်ရဖို့ အတွက် ဘာတွေပြင်ဆင်ထားရမလည်း ဘာတွေတတ်ထားရလည်းဆိုတာ

ကို ဆွေးနွေးပေးမှာဖြစ်ပါတယ်။ 


Page မှာတစ်ရက်တစ်ရက် Web Developer ဖြစ်ချင်လို့ ဘာတွေလုပ်ရမလည်း ဆိုတဲ့ဦးတည်ချက်ရှိတဲ့

မေးခွန်းတွေပဲလာလာမေးနေကြလို့ဗျာ... 

ဒီလိုမေးခွန်းမျိုးက တိတိကျကျထွက်လာချင်ရင် Google တို့ youtube တို့မှာမေးတာပိုမိုက်တဲ့အဖြေတွေနဲ့

အများကြီးထွက်လာမှာမလို့ အဲ့ကနေလည်းရှာကြည့်ကြပါဦးလို့အရင်ပြောချင်ပါတယ်။


ဒီ content တွေက ကျွန်တော်အလုပ်လုပ်ဖူးတဲ့ company တွေနဲ့ Facebook မှာ ဟိုပွတ်ဒီပွတ်လုပ်ရင်း

ထွက်လာတဲ့ Result ပါ


Web Developer ဖြစ်ဖို့တော့ အများကြီးသိထားဖို့လိုတယ်ပေါ့နော် 

html css javascript jquery bootstrap ajax react vue php mysql queue system web socket server management etc..


အများကြီးသိထားဖို့လိုပါတယ်။

ဒါပေမဲ့ ... 

မြန်မာနိုင်ငံမှာမြန်မြန်ပဲ အလုပ်တစ်ခုစရဖို့အတွက်ကြတော့  

အဲ့လောက်အများကြီးမလိုသေးပဲနဲ့ အလုပ်တစ်ခုရအောင်  Try ကြည့်လို့ရပါတယ် 

ဆိုလိုတာမလိုအပ်ဘူးပြောတာမဟုတ်ပါဘူး အကုန်လေ့လာဖို့အချိန် အများကြီးပေးရမှာမလို့ အချိန်တိုတိုနဲ့ မြန်မြန် အလုပ်ရအောင် 

scope ကို နည်းနည်းချုံ့လိုက်တဲ့သဘောပါ။


Web Design

web Design အတွက် Focus လေးတစ်ခု လုပ်ကြည့်မယ်ဗျာ သေသပ်လှပတဲ့ Template တစ်ခုဆွဲနိုင်ရင်အဆင်ပြေပီပေါ့

ဟုတ်တယ်ဟုတ် :P

  1. html 
  2. css 
  3. javascript 
  4. bootstrap 
  5. jquery

ဒါတွေသိထားတာနဲ့ website template တွေရေးစပီးရေးလို့ရနေပါပီ mmcoder website က 

ဒိငါးခုနဲ့ရေးထားတာပါ။ 

အဲ့လိုပဲကျွန်တော်အလုပ်လုပ်ခဲ့တဲ့ company တွေမှာ junior developer တွေက ဒါတွေပဲ အများစုရေးနေရပါတယ်

သူငယ်ချင်း company တွေကိုဟိုစပ်စု ဒီစပ်စုလုပ်တော့လည်း ဒါတွေပါပဲ


Web Development(Backend)

Backend ကတော့ အဓိက 

လက်ရှိဘာတွေ​ေ ခေတ်စားနေလည်းဆိုတော့

  1. Nodejs
  2. PHP
  3. Python
  4. Go
  5. Ruby 

ဒါတွေအများစုခေါ်နေပါတယ် 

Singapore ကအလုပ်လုပ်တဲ့ သူငယ်ချင်းကိုမေးကြည့်တာတော့ Nodjs နဲ့ Reactတို့ Vue တို့ 

aws တွေကအလုပ်ခေါ်တာများတယ်လို့ပြောတယ်ဗျာ။

မြန်မာမှာတော့လွယ်လွယ်ကူ ကူ အလုပ်ရဖို့ PHP ကပဲ ထိပ်မှာရောက်နေပါတယ်

php laravel framework ပေါ့

Database မှာ relational database ဖြစ်တဲ့ Mysql ကပဲအသုံးများပါတယ်။


ဒီလောက်ပထမဆုံးလေ့လာနိုင်ရင်အလုပ်စလျှောက်လို့အဆင်ပြေပါပီ

တကယ်ပြောတာပါ

Online မှာ သာ job description တွေကြည့်ပီးစိတ်ပျက်စရာဖြစ်နေနိုင်ပေမဲ့ လက်တွေ့မှာ

တော့အဲ့လောက်ကြီးမဟုတ်ဘူးဗျာ 


အကျဉ်းချုပ်ရရင် 


  1. html 
  2. css 
  3. javascript 
  4. bootstrap 
  5. jquery 
  6. php(laravel)
  7. mysql 

ဒါတွေပဲဖြစ်ပါတယ်။

ဒါတွေနဲ့ Website တစ်ခုကောင်းကောင်းရေးလို့ရပါပီ

အဲ့တော့ စလေ့လာ ပါအစဉ်လိုက်

7ထိ လေ့လာရတာအဆင်ပြေပီဆိုရင် Project တစ်ခုအဲ့တာတွေသုံးပီးရေးပါ

အလုပ်လျှောက်တဲ့အခါ ရေးထားတဲ့ Project ကို ပြပေးလိုက်ပါ ပြဖြစ်အောင်ပြပါ။

ထပ်ပီးလေ့လာချင်သေးရင် vps and sharehosting ကိုဆက်ပီးလေ့လာပါ ကိုယ်ရေးတဲ့ Project ကိုယ်တိုင်တင်

နိုင်ရင်အကောင်းဆုံးပေါ့ဗျာ။


ဒါတွေနဲ့ unior developer အနေနဲ့စပီးအလုပ်လုပ်လို့ရပါပီ 

အဲ့ဒီ့ အခြေအနေရောက်တာနဲ့့ဘာတွေဆက်လေ့လာသင့်တယ်ဆိုတာ လည်းကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိသွားမှာပါဖြစ်သလို

အလုပ်ရဲ့လိုအပ်ချက်တွေကိုဖြည့်နေရင်း Skill ဖြည့်ပီးသားလည်းဖြစ်နေနိုင်ပါတယ်။


ထပ်ပီးပြောချင်တာလေးက တော့

အရှုံးမပေးနဲ့ကြိုးစား.......................🤓


Comment:
Please Login To Create Comment Login
Loading...