1
925

Why Inertiajs

Myo Thant Kyaw

ဒီနေ့ခေတ်မှာ single page application အတွက် Framework တွေ libiary တွေအများကြီးရှနေပါပီ

အဲ့ libiary တွေလေ့လာဖို့ nodejs နဲ့ npm ကသိထားဖို့လိုတယ်နော်  ကျွန်တော်ကအလွယ်ပ​ဲ Nodejs Frontend Libray လို့တော့ရေးလိုက်ခေါ်လိုက်လေ့ ရှိပါတယ်

Deployment လုပ်တဲ့အခါမှာတော့ nodejs မလိုတော့ပါဘူး

libiaryတွေဆိုပေမဲ့

Development လုပ်တဲ့အချိန်မှာ nodejs runtime ကိုအသုံးပြုတာကြောင့် Nodejs ကိုမသိရင် ရေရှည်ဘာလုပ်လို့

လုပ်နေမှန်းမသိဖြစ်နေမှာပါ ဥပမာ PHP OOp မသိပဲ Laravel လေ့လာနေသလိုပေါ့ မရဘူးလားဆိုတော့ရတယ်

ရလည်းရရော OOP နားလည်ဖို့လိုလာတာမျိုးပေါ့ နောင်တရလာတာမျိုးဖြစ် တတ်ပါတယ်။ :P


အရင် က laravel blade ထဲမှာ vue ကိုရေးကြတဲ့ခေတ်လေးရှိလိုက်ပါသေးတယ် laravel routeတစ်ခုလုံးကို vue router 

ကိုပေးလိုက်ရပီီးapi develop. လုပ် ရေးတာပေါ့ ။ သူလည်း single project ပဲယူရပေမဲ့ ကျွန်တော်တော့သဘောမကျလို့လေ့တောင်မလေ့လာဖြစ်ပါဘူး။


အဲ့တော့ Single Page Application တွေရေးတဲ့အခါ api+frontend libiary ဒီလို project နှစ်ခုခွဲရေးရပါတယ်။

ဥပမာ PHP Rest Api + React or Vue ဒီလိုပေါ့ Language နှစ်ခု နဲ့ developmentလုပ်ရပါတယ်။


တစ်ခုထည်းရေးတာတောင်တိုင်ပါတ်တာနှစ်ခုဆိုတော့ဗျာ :P

အဲ့တာကြောင့်လည်းမြန်မာနိုင်ငံမှာ  spa တွေသိပ်မသုံးကြသေးသလားတော့မသိဘူး

(အလုပ်နှစ်ခုလုပ်နေရတာကိုဆိုလိုခြင်းဖြစ်ပါတယ်။)


အဲ့ပြသနာပြေလည်ဖို့ inertiajs ဆိုတာထွက်လာတယ် 

သူ့ရည်ရွယ်ချက်က အထက်က ပြသနာကို ဖြေရှင်းဖို့လို့ယူဆပါတယ်။ ကျွန်တော့်အယူအစသက်သက်ဖြစ်ပါတယ်။


inertiajs   မှာ အပေါ်ကလို api သပ်သပ်ရေးစရာမလိုပါဘူး အဲ့ တော့ api logic မလိုတော့ဘူးပေါ့။

သူက သူ support လုပ်တဲ့ backend frameworkတွေရဲ့ controller တွေကနေ data ကို frontend libiary တွေကိုလှမ်းပို့ပေးတဲ့

အလုပ်ကိုလုပ်တာပါ။


ဒါကြောင့် စာဖတ်သူက react , vue , svelteတစ်ခုခုကိုကျွမ်းကျင်ထားတာနဲ့ ပဲ single page application တစ်ခုကို

မြန်မြန်ဆန်ဆန်ပဲ develop လုပ်နိုင်မှာပါ။


vue တို့  React တို့ ရဲ့ reusuable package တေွွ က  node package manager မှာ အများကြီးပါပဲ 

ဒါကြောင့်ပဲ jquery libiary တွေမသုံးကြတာများလားလို့လည်း စဉ်းစားမိတယ် (ကျွန်တော့်အမြင်ကိုပြောခြင်းဖြစ်ပါတယ်။)


ဒါပေမဲ့ single application တွေလို ux. မှာ expreience ရမှာမဟုတ်ပါဘူး

inertiajs က component တွေကို ajax သုံး ပီး request လုပ်တာကြောင့် ဖြစ်ပါတယ်။

ဘယ်ဟာကိုရွေးကြမလည်း တိတိကျကျတော့ မပြောပြတတ်ပေမဲ့ အောက်ကအချက်လေးတွေစဉ်းစားပီးရွေးချယ်လို့ရပါတယ်

  1. api ရေးရ တာ ပြသနာမရှိဘူး 
  2. performace မိုက်ချင်တယ်
  3. development time ကြာလည်းပြသနာမရှိဘူး

ဆိုရင် api +  spa libiary ကိုရွေးပါ


  1. Api မရေးချင်ဘူး
  2. ajax request လေးတွေနဲ့ ui switch နေတာလည်းအဆင်ပြေတယ်
  3. development time. မြန်ရမယ်
  4. လွယ်လွယ်ကူကူဖြစ်ရမယ်

ဆိုရင်တော့ InertiaJS ကိုရွေးပီးရေးသင့်ပါတယ်။


Comment:
Please Login To Create Comment Login
Loading...
Thoon Yati 2 years ago thank you